Monday, January 5, 2015

ကျွဲပွဲ ဟူသည်မှာ
ကျွဲပွဲမြို့ သမိုင်းဖြစ်ရပ်အမှန်ကို မသိသူများက ကျွန်တော် တို့မြို့ ကို တိရိစ္တာန် “ ကျွဲ ” များကို ရောင်းချသည့်ပွဲပြုလုပ်နေသောနေရာဟုထင်မှတ်မှားနေကြသည် …….
သမိုင်းအမှန်မှာ ထို့သို့မဟုတ်ပါ …….
ကျွဲပွဲဟူသည်မှာ……..
မြန်မာသက္ကရာဇ် (၈၄၃)ခုနှစ်ခန့်က တောင်ငူမြို့ အရှေ့ ဖတ် မြတ်စောညီနောင်စေတီတော်ကြီး၏ ဌာပနာပိတ်ပွဲသို့ သွားရောက်အလှူဒါနပြုပြီး လှည်းသားများစွာဖြင့်ပြန်လာသော ဥဿာပဲခူးမှ သူကြွယ်မကြီးသည် ယခုကျွဲပွဲဟုခေါ်တွင်သော နေရာအရပ်သို့ရောက်ရှိသည့်အခါ အပြင်းဖျားနေ၍ မူလအစီအစဉ်အရ ပဲခူးရောက်မှ မိမိပြုလုပ်ခဲ့သည့်ကောင်းမှုဒါနအစုစုအတွက် ရေစက်ချမင်္ဂလာပြုရန်ရည်ရွယ်ခဲ့သော်လည်း ပဲခူးအထိအသက်မမှီလောက်ဟုယူဆလျက် ယခု ကျွန်းတော်ဘုန်းတော်ကြီးကျောင်းနေရာ၌ ညအိပ်ရပ်နားကာ ရေစက်ချမင်္ဂလာပွဲကျင်းပခဲ့ပါသည်။
သူကြွယ်မကြီးမှာမူ နောက်တစ်နေ့ခရီးဆက်သော်လည်း ခရီးအနည်းငယ်သာတွင် ခဲ့ပြီး ကျွန်းတော်ဘုန်းတော်ကြီကျောင်း၏ အနောက် ဘက် (၃ မိုင်ခန့်အကွာ) ပဲခူးရိုးမ၏ ကုန်းမြင့်တစ်နေ့ရာ (ယခု ကြွယ်မကုန်း) တွင် ကံကုန်ရှာလေသည်။
ထိုရေစက်ချမင်္ဂလာပွဲကို သူကြွယ်မကြီးကိုယ်တိုင် ညအိပ်ရပ်နားပြီး ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခဲ့သောကြောင့် ကြွယ်အိပ်ပွဲရွာ ဟုခေါ်တွင်စေခဲ့ပါသည်။ကာလကိုလိုက်၍
ကြွယ်ပွဲ ရွာ ဟုခေါ်သည်။
လွတ်လပ်ရေးမရမီ အင်္ဂလိပ်အုပ်ချုပ်သည့်ကာလတွင် မြန်မာအသံထွက်ကိုလိုက်ပြီး
(KYWE-BWE) မှားယွင်းစွာမှတ်တမ်တင်ခဲ့ကြသည်။
ယခုအသက်(၈၀)ကျော်ဇာတိသား လူကြီးများက ကြွယ်အိပ်ပွဲဟု ခေါ်ဝေါ်သုံးစွဲနေကြဆဲဖြစ်ပါသည်။
ကြွယ်အိပ်ပွဲ သမိုင်းဖြစ်ရပ်အမှန်ဖြစ်ကြောင်း ယခုကျွဲပွဲမြို့အနာက်ဘက်ပဲခူးရိုးမပေါ်တွင် ကျောက်ချောင်းအနီး၌ ကြွယ်မသေချောင်း ၊ကြွယ်မဂူ၊ကြွယ်မသေကုန်း၊ကြွယ်မသေဘုရား(လွမ်းစေတီ) တို့ ယနေ့တိုင်ရှိနေဆဲဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ယနေ့ ကျွဲပွဲ(ကြွယ်အိပ်ပွဲ)သားတို့နှင့် နောင်မျိုးဆက်သစ်လူငယ်များ သမိုင်းအထောက်အထားအခိုင်အမာရှိကြောင်း၊ သမိုင်းအမှန်အားသိရှိစေရန် ရှာဖွေပြုစုတင်ပြလိုက်ပါသည်။

      



                                                                                                     credit by....Kywe Bwe